ကလေးတစ်ယောက်၏ ရင်ဖွင့်စကား
ကလေးတစ်ယောက် ဘဝတစ်ခု ဖြတ်သန်းရာ၌
ခက်ခဲကြမ်းတမ်းခြင်းတွေ မတွေ့ရအောင်
ကြီးမြတ်ဆုံးသော မိနှင့်ဖက စီမံခန့်ခွဲ လမ်းညွှန်ပြကာ
သာယာဖြောင့်ဖြူး ဘဝတစ်ခု ပိုင်ဆိုင်နိုင်ရေး
သေခြာရွေးချယ် ဆုံးဖြတ်လေသည်……………………
ဒါပေမယ့်လည်း အသိမကြွယ် ငယ်ရွယ်ချိန်၌
ငါတွေး ငါလုပ် အကြောင်ကြီးငယ် အသွယ်သွယ်ကို
အမှန်လို့သာ တဇောက်ကန်းစိတ်ထဲ ငါလုပ်ခဲ့သည်………………
ငယ်ရွယ်စဉ်က မိနှင့်ဖက လမ်းညွှန်ပြသ
နည်းလမ်းမှန်ကို ဆိုဆုံးမစကား ပြောကြားသောအခါ
မိနှင့်ဖ၏ ရှေ့၌တွင်မူ ဟုတ်ကဲ့လို့သာ ခေါင်းတငြိမ့်ငြိမ့်နဲ့
အလိုက်သင့်စွာ နေခဲ့သော်လည်း ဖနှင့်မိ၏ နောက်ကွယ်ရာတွင်
ငါ့မြင်းငါစိုင်း ဆိုရိုးစကား ထိုအတိုင်း ထင်ရာစိုင်းခဲ့လေသည်………………
ခေါင်းတငြိမ့်ငြိမ့်နဲ့ ဟုတ်ကဲ့ဆိုသည့် ထိုစကားကို
ပြောနေ ဆိုနေ နေထိုင်ခဲ့တာ ကြားလာသော်လည်း
ညှည်းတွားစိတ်ဟာ ဒီရင်၌တွင် ဖြစ်ခဲ့လေသည်……………………………
သားနှင့်သ္မီး ဘဝရှေ့ရေး ကောင်းစားနိုင်ရန်
ဖခင်ဖြစ်သူ ရွေးချယ်လမ်းနှင့်မိခင်ဖြစ်သူ သုံးသပ်ချက်သည်
ကမ္ဘာပျက်ထိ မမှားနိုင်တာ ဤစာကိုရေး တွေးနေရင်းနဲ့
ဥာဏ်အလင်းကို ရ ရှိခဲ့တယ် ဖနှင့်မိရေ………………………………
တယ်လီဖုန်းကို တဂွမ်ဂွမ်နဲ့ ဆက်သွယ်ချိန်တိုင်း
အဆင်ပြေသလား နေကောင်းရဲ့လား ထိုစကားကို
ဖနှင့်မိက မေးမြန်းလာတိုင်း အခက်ခဲမရှိ အဆင်ပြေကြောင်း
အလိုက်သင့်စွာ ဖြေကြားခဲ့သည်…………………
အတိတ်နဲ့နိမိတ် ကောက်ယူပြုသော် အဆင်ပြေကြောင်း ဖြေကြားပြီးနောက်
ကြောင်းကျိုးကြီးငယ် ကိစ္စအသွယ်သွယ်တို့သည် လွယ်ကူချောမော
အခက်ခဲမရှိ အဆင်ပြေခဲ့သည်မှာ ဖနှင့်မိတို့ နေ့စဉ်မပျက်
ဆုတောင်းမေတ္တာ ပို့သခြင်းကြောင့် ဖြစ်ပေလိမ့်မည်………………………
တခါတရံ လူလောက၏ သဘာဝတရားတွေအတိုင်း
ကြောင်းကျိုးကြီးငယ် ကိစ္စအသွယ်သွယ်တွင်
ခက်ခဲခြင်းများ ကြုံလာသော်လည်း
ဖခင်ဖြစ်သူ ဦးဆောင်ပြုကာ လောကဓံတရား ခက်ခဲခြင်းအတွက်
မတုန်မလုပ် တည်ငြိမ်စိတ်နဲ့ ရင်ဆိုင်ကျော်ဖြတ် အားမာန်စိတ်ကြောင့်
လက်မမြှောက် ဒူးမထောက် ဆိုရိုးစကား ထိုအတိုင်း
ကျင့်ကြံကြိုးစား ရင်ဆိုင်ဖြေရှင်း အောင်မြင်ခဲ့လေသည်…………………
ဖခင်ဖြစ်သူ လမ်းညွှန်ချက်နှင့် မိခင်ဖြစ်သူ ပေးသောအသိများကြောင့်
ငါ့ဘဝတွင် ဘယ်သောအခါမှ လူအောက်မကျ ရင်ဘတ်ကြီးကော့ကာ
ခေါင်းမော့ လျှောက်လှမ်းနိုင်ခဲ့လေသည်…………………
ကလေးတစ်ယောက်ကို မိခင်ဖြစ်သူက ငယ်ရွယ်နုနယ် ထိုစဉ်အချိန်က
လူဆိုးလူမိုက် မဖြစ်ဖို့ရန် လိမ်မာသောသူ ဖြစ်ဖို့ရန်အတွက်
ကလေးအကြိုက် ဥာဏ်မှီနိုင်သော ပုံပြင်များကို
တစ်နေ့တစ်ပုဒ် ရိုးမသွားအောင် အိပ်ရာဝင်တိုင်း ပြောကြားခဲ့သည်…………………………
မိခင်ပြောကြား ထိုပုံပြင်များကို နားထောင်ကောင်းရင်း
အိပ်ပျော်သွားခဲ့ ထိုအကြောင်းကို စဉ်းစားလိုက်သော်
ဒီနေ့ဒီအချိန် ဒီအသက်ပိုင်းအထိ လူတစ်ယောက်လို
ကောင်းမွန်စွာဖြင့် နေခဲ့ရသည်မှာ မိခင်ပြောကြား ပုံပြင်များကြောင့် ဖြစ်ပေလိမ့်မည်………………
ပညာမတက် လူလုံးမလှ ပညာမရှိ လူအောက်ကျမည် ထိုသို့ ဆိုရိုးစကားအတိုင်း
လူဘဝတွင် လူတွေကြားထဲ လူလုံးလှ၍ လူရာဝင်အောင်
တက်ကျွမ်းသမျှ ပညာများကို တစ်ခုမှမကျန် သင်ကြားပေးခဲ့တာ ဖနှင့်မိပါ…………………
ပညာဆိုတာ ကျောင်းပညာတစ်ခုထဲမဟုတ် ဘဝအတွက် ပညာရပ်များစွာ ပါဝင်နေသည်………………
အဖေသည် သားသ္မီးတွေအတွက် လုံခြုံမှုကို ပေးစွမ်းနိုင်သည်………………………
အမေသည် သားသ္မီးတွေအတွက် နွေးထွေးမှုကို ပေးစွမ်းနိုင်သည်……………………
author: @thura
photo:cedit google images
Nice post ! You got 5.56% upvote from @flymehigh. Earn free sbd/steem daily by delegating(renting) your SP. We share high return, click here to delegate your sp to flymehigh if you don't know, how to earn passive income by delegating your SP click here for more info Join our discord You can promote your posts. Thanks.
အမြဲအားပေးနေမှာပါခင်ဗျာ
This post has received a 0.14 % upvote from @drotto thanks to: @thura.
ကျေးဇူးတင်ပါတယ်
You got a 5.41% upvote from @dailyupvotes courtesy of @thura!
Please upvote this comment to support the service.
အားပြည့်သွားပြီးခင်ဗျာ
You got a 1.50% upvote from @postpromoter courtesy of @thura!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!
This post received a $0.210 (32.61%) upvote from @upvotewhale thanks to @thura! For more information, check out my profile!
ကော်မန့်မရေးတော့နဲ့နော်
ကျွန်နော်အင်္ဂလိပ်လိုမဖတ်တက်ဘူးခင်ဗျာ
ကျေးဇူတင်တယ်လို့တော့ပြောခဲ့မယ်…………
Hi thura, please note I can ONLY read English, I cannot understand what you've written here, if you need my help you will need to write in English as I cannot understand what I assume to be Burmese(?).