ကျွန်မနဲ့ကောင်လေးတစ်ယောက်အကြောင်း

avatar

giphy(1).gif
ကျွန်မနဲ့ကောင်လေးတစ်ယောက်အကြောင်း
ညီမလေးတစ်ယောက်က ကျွန်မကိုမေခွန်းလေးတစ်ခု
မေးလာပါတယ်ရှင် မမအချစ်နဲ့ပတ်သတ်လာရင် နာကျင်စွာနဲ့
ကြေကွဲခံစားဖူးသလားတဲ့ ကျွန်မဘယ်လိုပြန်ပြောရမှန်းတောင်
မသိတော့ပါဘူး မဖြေချင်လောက်အောင်ကို ကြေကွဲစွာနဲ့
နာကျင်ခံစားခဲ့ရလို့ပါရှင် အသဲကွဲတယ် နာကျင်တယ်
ကြေကွဲတယ်ဆိုတာတွေက လူ့လောကထဲမှာ အထူးအဆန်းကိစ္စ
မဟုတ်ပေမယ့် ကြုံတွေ့ခံစားဖူးသူတိုင်း အနေရခက်ခဲသော
ခံစားမှုလေးပါရှင် လူရယ်လို့ဖြစ်လာပြီဆိုရင်တော့ အချစ်နဲ့ပတ်သတ်လာရင်
ဘဝတစ်ဆစ်ချိုးမှာ တဂွေ့မဟုတ်တစ်ဂွေ့မှာတော့ ကြုံတွေ့ဖြစ်ပျက်
ကြေကွဲခံစားကြရပေလိမ့်မယ်ညီမလေးရေ……………………………။
95279529.gif
နင့်ကြောင့်ငါ့အသည်းတွေ နာကျင်ကြေကွဲစွာနဲ့ ခံစားနေရတယ်လို့
အချို့ကပြောကြတာ ညီမလေး ကြာဖူးမှာပါနော် အသည်းတွေကြေကွဲ
ပျက်စီးသွားပါပြီဆိုတဲ့စကားကတော့ ရင်ဘက်ထဲမှာ တည်ရှိနေတဲ့
အသဲနှလုံးတစ်နေရာက စူးရှရှခံစားမှုကို နာကျင်စွာနဲ့ ခံစားလိုက်ရတာကို
သုံးနှုန်းထားတဲ့ စကားလို့တော့ မမအနေဖြင့် ထင်မိပါတယ် ညီမလေးရေ
အချစ်အကြောင်း သိသလောက်ကို ညီမလေးကို ဒီစာလေးကနေတဆင့်
ရေးသားဖော်ပြလိုက်မယ်နော် ညီမလေးဘက် သေချာဖတ်ပေးသွားပါနော်
ကျွန်မငယ်ငယ်က အချစ်ဆိုတာကို ဘာမှန်မသိ ညာမှန်မသိအရွယ်ကပေါ့ရှင်
ကောင်လေးတစ်ယောက်က ကျွန်မကို ပြောဖူးခဲ့တယ် နင်မရှိရင်ငါ ရူးသွားလိမ့်မယ်
နင့်အချစ်ကိုသာ ဆုံရှုံးလိုက်ရမယ်ဆိုရင် ငါသေသွားနိုင်လိမ့်မယ်လို့
ကောင်လေးတစ်ယောက်က ကျွန်မကိုပြောလာပါတယ်…………………………
192576453003202.gif
ဒီကောင်လေးနဲ့ ကျွန်မ အကြောင်းတစ်ခုခုကြောင့် အနေဝေးကွာ သွားပြီးတဲ့နောက်
တစ်နေရာရာမှာ ပြန်လည်ဆုံတွေ့ကြသောအခါမှာ ငယ်စဉ်က အကြောင်းတွေကို
နှစ်ယောက်သား ပြန်လည်ပြောကြတော့ သူကကျွန်မကိုပြောတယ်ရှင့်
နင်နဲ့ဝေးကွာသွားတော့ ခွဲခွာတဲ့အစမှာတော့ ငါပြောခဲ့သလို ရှုးသွားလောက်အောင်
သေသွားနိုင်လောက်အောင် နာကျင်ခံစားခဲ့ရတယ်တဲ့ အခုတော့ ငါမရူးသလိုမသေခဲ့ပါဘူး
ဆိုပြီး နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြုံးစိစိနဲ့ သဘောကျကာ
ရီမောမိပါတော့တယ်ရှင် ဒီအကြောင်းလေးကို ဒီလောက်ပဲ ရေးကာတင်ပြလိုက်တောမယ်နော်……………။
author:@musethu
photos:cedit google images



0
0
0.000
23 comments
avatar

This post has received a 0.63 % upvote from @drotto thanks to: @musethu.

0
0
0.000
avatar

ကျေးဇူးတင်ပါတယ်ရှင့်

0
0
0.000
avatar

ဖတ်သွားတယ် အားပေးနေပါတယ်

0
0
0.000
avatar

အားပေးမယ်ပြောစကားလေးကြောင့်
ဒီထက်ကောင်းအောင်ကြိုးစားသွားပါ့မယ်ရှင့်

0
0
0.000
avatar

အလုပ်မအားကို့ပါမမvတော့ခဲ့တယ်နော်

0
0
0.000
avatar

ကျေးဇူးပါညီမလေး

0
0
0.000
avatar

အားပေးနေတယ်
ရေးပါမမရေ

0
0
0.000
avatar

အေးပါညီမလေးကြိုးစားရေးပါ့မယ်နော်

0
0
0.000
avatar

ဖတ်လို့ကောင်းတုန်းမီးပျက်သွားတဲ့အတိုင်ပဲ

0
0
0.000
avatar

ဒီမှာတော့အဆင်ပြေနေပါတယ်

0
0
0.000
avatar

ညတစ်ယောက်ထဲထိုင်စောင့်နေတာသရဲမကြောက်ဘူးလား

0
0
0.000
avatar

ချစ်စိတ်ကဘာကိုမှမကြောက်တက်ပါဘူးလေ

0
0
0.000
avatar

အချစ်ကသွေးပူတုန်းခဏလေးပါ

0
0
0.000
avatar

မှန်တာပေါ့ရှင်

0
0
0.000
avatar

တယ်ဟုတ်နေပါလားညီမလေးရဲ့

0
0
0.000
avatar

ဟုတ်ကိုဟုတ်နေပါတယ်ရှင့်

0
0
0.000
avatar

လူတိုင်းကြုံတွေ့နေမှာပါလေ

0
0
0.000
avatar

အမှန်ပါပဲလေ

0
0
0.000
avatar

အမှန်ပါပဲလေ

0
0
0.000
avatar

စူးရှရှခံစားမှုမျိုးဖြစ်ဖူးတယ်

0
0
0.000
avatar

တိုက်ဆိုင်မှုရှိတဲ့အတွက်ကျေးဇူးပါနော်

0
0
0.000
avatar

ကောင်းမလေးသဘောကျတယ်ရေးထားတာ

0
0
0.000
avatar

ကျေးဇူးပါရှင်

0
0
0.000