သုညဒီဂရီအောက် အေးစက်ခြင်းအလွန်

avatar

image
သုညဒီဂရီအောက် အေးစက်ခြင်းအလွန်


အသေးစားမီးကလေးဟာ
ဖျောက်ခနဲထတောက်ချိန်မှာ
လောင်စာတွေဟာ ဝုန်းခနဲထပေါက်တယ်။
နာကျည်းစရာတွေလုံလောက်ခဲ့ပြီ။

ဆောင်းနှောင်းမှာ အစွမ်းကုန်ပွင့်မယ့်ပန်းကို
တံစဉ်ကိုယ်စီနဲ့ ရိတ်သိမ်းပစ်လိုက်တယ်။
ကျကွဲသွားတဲ့ အတိတ်ကို နင်းခြေစွန့်ပစ်
ကျမဲ့မျက်ရည်ကို ကော်ဖီထဲ ခပ်သောက်ပစ်လိုက်တယ်။

လွမ်းစရာကို လွမ်းစရာနဲ့ဖြေခဲ့
ဘယ်တရားကမှ နားမချနိုင်တော့တဲ့အခါ
ငိုမိကောင်းငိုမိလိမ့်မယ်။
ပြန်မလျှောက်တော့မယ်လမ်းမှာ ဘာပန်းပွင့်ပွင့်
ဖြစ်ခွင့်မရတဲ့ အနာဂတ်ဟာ ပစ္စုပ္ပန်လောက် ချိုလို့လား။

ချစ်ခြင်းမေတ္တာဆိုတာ နက္ခတ်မှားခဲ့တဲ့
ကမ္ဘာတစ်ခုပဲ။
ပန်းမပွင့်ထဲ ဥယျာဉ်ထဲက ကိုယ့်နာမည်ကိုဆွဲထုတ်
သူဆိုတာ ကိုယ်ပြန်မကြားချင်တော့တဲ့ ပုံပြင်တစ်ပုဒ်ပဲ။

အရာအားလုံးကို ရိတ်သိမ်းပြီးနောက်
တစ်ခါတစ်ခါ အုံမှိုင်းလာတဲ့
ကြေကွဲမှုလောက်က
တစ်သက်လုံးဖုံးမယ့်အမှောင်ထက်စာရင်
ဖြေသာတယ်။

ကိုယ့်တရားကိုယ့်ကိုယ်ကိုယ်ကိုယ်စီရင်
ကိုယ့်ဥပဒေသမှာ ဘာနောင်တမှမကျန်အောင်
သစ္စာတွေ လင်းချင်းခဲ့ဖူးပြီ။
စွပ်စွဲတတ်တဲ့ လှိုင်းလုံးတွေကို
မောင်းထုတ်ပစ်လိုက်တယ်။

အေးစက်ခြင်းအလွန်မှာ အေးခဲသွားခဲ့ပြီ။
နာကျင်ခြင်းအလွန်မှာ ထုံကျင်သွားခဲ့ပြီ။
ရက်စက်ခြင်းအလွန်မှာ ခံစားချက်မဲ့ခဲ့ပြီ။
သုညဒီဂရီအောက် အေးစက်မှုအလွန်မှာ
နှစ်ယောက်တစ်လက် ထီးလေးကို
နှစ်ဦးသဘောတူပိတ်သိမ်းလိုက်ကြပြီ
အနာဂတ်တွေ လင်းမြပါစေ
အနာဂတ်တွေ လင်းမြပါစေ။

@zawphyowai

Msc 082



0
0
0.000
23 comments
avatar

အဲ ကောင်းပါတယ်လို့ အဲ

0
0
0.000
avatar

ဟုတ်ပါပြီ ဆရာရယ် ကျေးဇူးပါ

0
0
0.000
avatar

Congratulations @zawphyowai! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

0
0
0.000
avatar

ဟယ်​ ကိုရင်​သိန်းတန်​ရှိတယ်​​တော့

0
0
0.000
avatar

အိမ်းး စာတွေနည်းနေသလိုပဲ
နည်းနည်းဆွဲဆန့်လိုက်ရင် ပိုကောင်းမယ်ထင်တယ်
ဒါနဲ့စကားမစပ် follow လုပ်ထားတယ် bro

0
0
0.000
avatar

Thanks bro ကျနော်လဲ လုပ်ထားပါတယ်ခင်ဗျား

0
0
0.000
avatar

Congratulations @zawphyowai! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got a First Reply

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

0
0
0.000
avatar

ဒီအရေးသားနဲ့စိတ်ကူးယဉ်အကြောင်းလေးတွေရေးကြည့်ပါ
သိပ်ကောင်းတဲ့postတစ်ပုဒ်ထွက်လာမည်
အကြံပေးခြင်းဖြစ်သည်@thura

0
0
0.000
avatar

Thank အကို ကျနေကြိုးစားပါ့မယ် ခဗျား

0
0
0.000
avatar

အနာဂတ်​ ​တွေလင်းမြပါ​စေ။

0
0
0.000
avatar

Good postပါအကို​ရေ followလုပ်​ထားလိုက်​​တော့မယ်

0
0
0.000
avatar

ဟုတ် ကျေးဇူးပါ ဆရာ ကျနော်လဲ follower လုပ်ပါ့မယ်

0
0
0.000