အချိန်ကာလတွေကခဏသာလေးပါ

avatar

swamp_v_premade_by_by_starscoldnight-d4bay3n.jpg
အချိန်ကာလတွေကခဏသာလေးပါ
ဒီနေ့မှာတော့ မောင့်ကိုကျွန်မ သိပ်လွမ်းနေမိပါတယ်
မောင်မောင်ရယ် မောင်မောင်နဲ့တွေ့ဆုံခြင်းတွေဟာ
သိပ်မကြားသေးပေမယ့်လည်း မောင်မောင်ကို ကျွန်မတစ်ယောက်မှာ
မြင်မြင်ခြင်းမှာပင် ချစ်ခင်ဆုံမှတ်သွားခဲ့ရပါတယ် ဆုံတွေ့ကြတာမှ
သိပ်မကြာသေး မောင်မောင်ဟာ ကျွန်မ ရင်ခွင်ထဲကနေ အဝေးတစ်နေရာကို
ထွက်ခွါသွားခဲ့ပါတော့တယ် အဘယ်ကြောင့် ကျွန်မကို တစ်ယောက်ထဲ
ထားခဲ့ရတာလည်း ဆိုတာကို ကျွန်မမသိပါလေ ခုတော့ မောင်မောင်ကို
ကျွန်မတစ်ယောက် အလွမ်းများစွာနဲ့လွမ်းလို့ ကျန်နေရစ်ခဲ့ပါပြီလေ
မလွမ်းပဲလဲ မနေနိုင်ပါဘူးမောင်မောင်ရယ် မောင်မောင်ကိုသိပ်ချစ်နေမိပြီလေ………………………။
1311.jpg
မောင်မောင်ရဲ့ရင်ခွင်ဟာ ကျွန်မတစ်ယောက်အတွက်
နွေးထွေးလုံခြုံစေလိမ့်မယ်လို့ ယုံကြည်မိခဲ့ပါသော်လည်း
မိုးရေတွေထဲမှာ ခုတော့ ကျွန်မတစ်ယောက်ထဲပါ မောင်မောင်ရေ
အလွမ်းအဆွေးတွေကို တွေ့ကြုံရမှာ စိုးထိတ်နေသော ကျွန်မဟာ
ယခုတော့ အလွမ်းတွေမဆုံးနိုင်အောင် ဖြစ်နေခဲ့ရပြီမောင်မောင်ရေ
အားကိုးစွာနဲ့မောင်မောင်ကို ပုံအပ်ခဲ့ပါသော်လည်း ယခုတော့
မောင်မောင်မရှိနိုင်သောနေရာလေးမှာ ကျွန်မတစ်ယောက်ထဲ
အထီးကျန်စွာ နေခဲ့ရပြီးပေါ့မောင်မောင်ရေ မောင်မောင်မရှိတဲ့
မနက်ဖန်နေ့များစွာကို ကျွန်မတစ်ယောက်ထဲ ဘယ်လိုဖြတ်သန်းပြီး
ရင်ဆိုင်ရမှာလည်းမောင်မောင်ရယ် ဟိုတစ်ချိန်က မောင်ရှိနေတော့
ထိန်လင်းနေတဲ့ ကျွန်မကမ္ဘာဟာ ယခုတော့ မျှော်လင့်ချက်ဆိုတဲ့
မီးရောင်မှိန်မှိန်လေးအောက်မှာ ကျွန်မ တစ်ယောက်ထဲ ဖြစ်နေပါပြီမောင်မောင်ရေ…………………………။
9dd9dd7986dd48570b9d6882480d12425e52ffc0_00.jpg
မောင်မောင်နဲ့စတွေ့တုန်းက လမင်းကြီးက ထိန်ထိန်သာနေသော
ညလေးတစ်ညမှာပါလေ အဲ့ဒီညက လရောင်အောက်မှာ မောင်မောင်
လာမယ့်လမ်းလေးကနေ ကျွန်မစောင့်မျှော်နေခဲ့ရတယ်လေ
မောင်မောင်ကို ကျွန်မစောင့်မျှော်နေရင် ထိန်ထိန်သာနေသော လဝန်ကြီးကို
ရီဝေတဲ့မျက်လုံးလေးတွေနဲ့ ငေးကြည့်နေမိပါတယ် ညဆိုတဲ့ လဝန်းအရောင်အောက်မှာ
ညမှာထွက်တက်သော လင်နို့ငှက်လေးတွေကလည်း သစ်ပင်တစ်ပင်နဲ့တစ်ပင်ကို
ကူးခပ်ရက်နားကာ ပျံနေကြတာပေါ့ သိမပ့်မကြာခင်မှာပဲ မောင်မောင်တစ်ယောက်
ကျွန်မရှိနေသော နေရာလေးကို ရောက်လာခဲ့ပါတယ် မောင်မောင်က ကျွန်မကို ပြောတယ်
စောင့်မျှော်နေရတာ ကြာသွားပြီလားတဲ့ အချိန်ကာလတွေက ကျွန်မအတွက်တော့
ခဏလေးပါမောင်မောင်ရယ်လို့ ကျွန်မပြန်ဖြေပေးခဲ့ပါတယ်လေ……………………………………။
author:@musethu
phots:cedit google images



0
0
0.000
39 comments
avatar

This post has received a 0.35 % upvote from @drotto thanks to: @musethu.

0
0
0.000
avatar

ကျေးဇူးတင်ပါတယ်ရှင့်

0
0
0.000
avatar

မောင်မောင်နဲ့မတွေ့ခင်ကဘယ်လိုဖြတ်သန်းခဲ့သလဲ
အဲ့ဒီအတိုင်းနေသွားပေါ့ဟ

0
0
0.000
avatar

သူနဲ့မတွေ့ခင်ကတော့ တစ်ယောက်ထဲအေးဆေးပါပဲ

0
0
0.000
avatar

အဲ့ဒီအတိုင်းစိတ်ကိုထားသွားပါကွာ

0
0
0.000
avatar

တစ်ယောက်ထဲမနေတက်ပါဘူးရှင့်

0
0
0.000
avatar

ဒါဆိုလည်းချစ်လိုက်တော့ပေါ့

0
0
0.000
avatar

ဟုတ်တယ်ကိုသူရ

0
0
0.000
avatar

အချစ်ဆရာကြီးလားဗျာ

0
0
0.000
avatar

ဟုတ်ပါဘူးသိသလောက်ပြောပြနေတာသူ့ကို

0
0
0.000
avatar

စာဖတ်ရင်နဲ့ခံစားလိုက်တာတယ်မမရယ်

0
0
0.000
avatar

ကျေးဇူးပါညီမလေး

0
0
0.000
avatar

ဘာတွေခံစားရ ရှိသွားလဲပြောခဲ့ပါကွယ်

0
0
0.000
avatar

အချစ်ဆိုတဲ့ရသတွေပါရှင်

0
0
0.000
avatar

ချိုသလား ချဉ်သလား ဟ

0
0
0.000
avatar

ခါးတက်တက်နဲ့ရှင့်

0
0
0.000
avatar

ခုမှသိတော့တယ်အချစ်ကခါးတက်တယ်ဆိုတာကို

0
0
0.000
avatar

ခုမှသိသလားကိုသူရဲ့

0
0
0.000
avatar
(Edited)

ဟုတ်တယ်ကွယ့်

0
0
0.000
avatar

ခံစားလိုက်ရတယ်လုပ်ပါကွယ်

0
0
0.000
avatar

ထောက်ခံလိုက်တယ်ကိုသူရ

0
0
0.000
avatar

ဘာတွေထောက်ခံလိုက်တာလဲ

0
0
0.000
avatar

သိပ်တော့ နားမလည်တော့ဘူး အသက်ကကြီးလာပြီ

0
0
0.000
avatar

လူငယ်တွေ့ရဲ့ခံစားချက်ကို လူငယ်တွေကပို့သိတယ်ရှင့်
နားလည်အောင်ကြိုးစားပါ

0
0
0.000
avatar

နင်ကဒါတွေသိနေတယ်ပေါ့

0
0
0.000
avatar

အသက်တွေကြီးလာရင်အချစ်တွေပျောက်သွားလို့လားဗျ

0
0
0.000
avatar

ကိုယ်ချစ်တဲ့သူရဲ့ရင်ခွင်လောက်အေးချမ်းသောရင်ခွင်မရှိနိုင်ပါဘူးသူငယ်ချင်း

0
0
0.000
avatar

ခုလိုပြောပေးလို့ကျေးဇူးပါနော်

0
0
0.000
avatar

လွမ်းစိတ်တွေနဲ့ခံစားနေတယ်လား

0
0
0.000
avatar

လွမ်းကျန်ရစ်ခဲ့ပြီနော်

0
0
0.000
avatar

ဟုတ်တယ်သူငယ်ချင်းရေ

0
0
0.000
avatar

အလွမ်းတွေကလဲဆုံးကိုမဆုံးနိုင်ဘူး

0
0
0.000
avatar

လွမ်းကောင်းဆဲပါနော်

0
0
0.000
avatar

ဖတ်လို့ကောင်းပါတယ်ရှင်

0
0
0.000
avatar

ဖတ်ပေးလို့ကျေးဇူးပါနော်

0
0
0.000
avatar

အဆင်ပြေနိုင်ကြပါစေ

0
0
0.000
avatar

ကျေးဇူးပါ

0
0
0.000
avatar

ကောင်းပါတယ်ရှင်

0
0
0.000
avatar

ဟုတ်ကဲ့ရှင့်ကျေးဇူးပါနော်

0
0
0.000