ဘဝ ဆိုသည် အဖြစ် | ဖြစ်ခြင်း ဟူ၍ အနက်
ဘဝ ဆိုသည် အဖြစ် | ဖြစ်ခြင်း ဟူ၍ အနက်ရပါသည်။လူသားတို့ ၏ မွေးဖွားချိန်မှ သေဆုံးချိန်ကြားကာလသည် လူ့ ဘဝပင်ဖြစ်သည်။ထိုလူသားတို့ သည် ဘဝတွင် လောကဓံတရားရှစ်ပါးနှင့် ရင်ဆိုင်ကြုံတွေ့ ရစမြဲဖြစ်သည်။ ထို့သို့ ရင်ဆိုင်ရာတွင်လည်း အကောင်းတရားလေးပါးနှင့်သာ တွေကြုံလိုကြပြီး အဆိုးတရားလေးပါးကိုမူ မည်သူမျှ မကြုံတွေ့ လိုကြချေ။မည်သိုဆို့ စေ လောကဓံတရားတို့ ကို ရင်ဆိုင်ရာ၌ သတိတရားဖြင့် လက်ကိုင်ပြုသင့်ကြပါသည်။ အရာရာကို သတိမထားမိပဲပြုကျင့်မိပါက ဘေးဒုက္ခတို့ နှင့် သတိမမူဂူမမြင် ဟူသော စကားပုံဖြင့် ဆိုစမှတ်ပြုကြပါသည်။ လောကတွင် သတိတရားဟူသည် အရာရာတွင် လိုအပ်လှပါသည်။သတိတရား မရှိပါက အရာရာတွင် ဘေးဒုက္ခတို့ နှင့် ကြုံတွေ့ ရနိုင်ပါသည်။ရှေးက မင်းမှုထမ်းအဖြစ် ဆောင်ရွက်သူများသည်လည်း သတိတရားဖြင့် ခစားကြရလေသည်။မင်းလိုလိုက် မင်းကြိုက်အောင် လျှောက်တင်ပါသော်လည်း သတိတရားဖြင့် ခစားကြရလေသည်။ မင်းလိုလိုက်မင်းကြိုက်အောင် လျှောက်တင်ပါသော်လည သတိမထားပါက မင်းခယောက်ျား|ကမ်းနားသစ်ပင် ဟူသည့် စကားအတိုင်း မင်းပြစ်မင်းဒဏ် သင့်ခံရနိုင်လေသည်။မင်းမှုထမ်းတို့သာမက လောကရှိ လူသားတို့ သည် သတိတရားနှင့် အရာရာကိုဆောင်ရွက်သင့်လှပေသည်။ လောကတွင် အာရုံငါးပါးနှင့် ကြုံရသောအခါ လောကီလူသားတို့ မှာ သတိတရားနှင့် မထိန်းချုပ်နိုင်ကြချေ။ကောင်းသောအာရုံ မကောင်းသောအာရုံ မည်သည်ကို မဆို သတိနှင့် မထိန်းချုပ်နိုင်ကြချေ။ မျက်မှောက်ခေတ်လူ့ ဘဝတွင် အရာရာသည် သတိတရားလက်ကိုင် ထားခြင်း အပေါ် တည်မှီနေပါသည်။သတိတစ်ချက် လစ်သွားသည်နှင့် အနိဋ္ဌာရုံ အဖြစ်များ ဆက်တိုက် ပေါ်ပေါက်လာနိုင်ပေသည်။ လူသားတိုင်း သတိတရားလက်ကိုင်ထား၍ အရာရာဆောင်ရွက်ပါက ချမ်းမြေ့ သာယာသော ဘဝများကို ရှိပိုင်ဆိုင်နိုင်ကြမည် ဖြစ်ပါသည်။သတိမမူလျှင် မြင်လွယ်သော ဂူဘုရားများကိုပင် မမြင်တက်ကြဘဲ ဘေးဒုက္ခ အန္တရာယ်များနှင့် ကြုံတွေ့  ရနိုင်ကြောင်း သတိမမူ ဟူမမြင် ဟူသော စကားပုံက သတိပေးနေပါတော့သည်။
