ပင်လယ်ရေ ဘာကြောင့်ငံရသလဲ

avatar

1-ocean.jpg
Images Credit - Original Source
ဟိုးးရှေးရှေးတုန်းက ရွာလေးတရွာမှာ ထင်းခုတ်သမားတယောက်ရှိတယ်။ သူဟာ နေ့စဉ်နေ့တိုင်း တောထဲကိုသွားပြီး သစ်ပင်ကြီးတွေကို ခုတ်တယ်။ ရလာတဲ့သစ်တွေကို မီးသွေးဖုတ်ပြီး မီးသွေးတွေကိုရောင်းကာ အသက်မွေးဝမ်းကျောင်းပြုပါတယ်။
923339_137588026426706_883216904_n.jpg
Images Credit - Original Source
ဒီလိုနဲ့ တနေ့သောအခါ သစ်ပင်ကြီးတပင်ကို ခုတ်နေတဲ့အချိန်မှာ ယင်းသစ်ပင်ကိုစောင့်တဲ့ သစ်ပင်စောင့်နတ်က အမျက်ထွက်စိတ်ဆိုးပြီး ကိုယ်ထင်ရှားပြကာ ထင်းခွေသမားကိုပြောတယ်။
“အိုလူသား၊ အဘယ်ကြောင့် အကျွန်ုပ်အိမ်ကို ဖျက်ဆီးနေရတာလဲ၊ သင့်မှာ ကျွန်ုပ်အိမ်ကို အခုလိုဖျက်ဆီးဖို့ အခွင့်အာဏာမရှိ။ သင် ဒီအပင်ကိုခုတ်လို့ ပိုက်ဆံရသလား…?”
ဒီတော့ ထင်းခုတ်သမားက “ဟုတ်ပါတယ် အသျှင်နတ်မင်း၊ ကျွန်တော်က သစ်ပင်တွေကိုခုတ်ပြီး မီးသွေးဖုတ်ပါတယ်။ မီးသွေးတွေကိုရောင်းကာ အသက်မွေးဝမ်းကျောင်းပြုရပါတယ်”
“သြော်..ဒီလိုလား၊ ပြောစမ်းပါဦး၊ အသင်လူသား ဒီအလုပ်လုပ်လို့ ပိုက်ဆံဘယ်လောက်ရသလဲ၊ မိသားစုကိုဘယ်လို ပြုစုစောင့်ရှောက်သလဲ" လို သစ်ပင်စောင်နတ်က မေးလိုက်သောအခါ သစ်ခုတ်သမားက မိသားစုကို ကျွေးမွေးပြုစုပုံအကြောင်း ပြောလိုက်ပါတယ်။
“ဒီလိုပါ အသျှင်နတ်မင်း…ကျွန်တော်မျိုး ဖုတ်လို့ရတဲ့မီးသွီးကိုရောင်းပြီး ဆန်ဆီဆားအနည်းငယ်ဝယ်ပြီး မိသားစုစားဝတ်နေရေး ဖူလုံအောင်လုပ်ရပါတယ်။ ကျန်တာကို အကြွေးလည်းဆပ်ရပါတယ်၊ ပြန်ပြီးတော့လည်း ချေးငှါးပါတယ်။
ကျွန်တော်တို့မိသားစုနဲ့အတူ အိုမင်ပြီးဖြစ်တဲ့ ကျွန်တော့်မိခင်ကိုလည်း ကျွေးမွေးထားပါတယ်။ ဒါကတော့ ကျွန်တော်တို့ကို ငယ်ငယ်က ကျွေးမွေးခဲ့တဲ့မိခင်ကို အကြွေးပြန်ဆပ်တာပါ။ နောက်ပြီး ကျွန်တော့်ကလေး(၂)ယောက်ကိုလည်း ကျွေးမွေးပြုစုရပါတယ်။ ဒါကတော့ ကျွန်တော်တို့ အသက်ကြီးလာတဲ့ခါ သူတို့ဆီမှာတလှည့် ပြန်စားရမှာဖြစ်လို့ ချေးထားတဲ့သဘောဖြစ်ပါတယ်” လို့ သစ်ခုတ်သမားက ရှင်းပြလိုက်တယ်။
သစ်ပင်စောင့်နတ်ကြီးက “အော်... သင်လူသားဘ၀ကလည်း တော်တော်ဆင်းရဲတာပါလား” ဆိုပြီး “ ရော့…အကျွန်ုပ် သင့်ကို ဒီပုလင်းကိုပေးလိုက်မယ်။ သင့်စိတ်ထဲမှာ တခုခုကိုလိုချင်တဲ့အခါ ဒီပုလင်းကိုပြောပြီး တောင်းလေ။ သင်လိုချင်တာကို ရလိမ့်မည်။ တခုတော့ သတိထားရမယ်။ သင်လိုချင်တာကိုရပြီးသည်နှင့် 'တော်ပြီ' လို့ ပြောဖို့ မမေ့စေနဲ့၊ အဲဒီလို 'တော်ပြီ' လို့မပြောမိရင် သင့်အတွက် အသက်အန္တရာယ်ပါရှိနိုင်တယ်” ဆိုပြီး မှာလိုက်တယ်။

ထင်းခွေသမားဟာ အားရ၀မ်းသာနဲ့ အိမ်ပြန်လာပြီး သူအလိုရှိသမျှ ဆန်ဆီဆားစတဲ့ ပစ္စည်းဝတ္ထုတွေ့ကို ပုလင်းလေးဆီက နေ့တိုင်းတောင်းယူပါတယ်။ တောင်းယူပြီးတိုင်း သစ်ပင်စောင့်နတ်မင်းမှာလိုက်တဲ့အတိုင်း “တော်ပြီ” လို့လည်း အမြဲတမ်းပြောပါတယ်။ ဒါကြောင့် ထင်းခွေသမားဟာ ကိုယ်လိုချင်တာမှန်သမျှကို လိုချင်တဲ့အချိန်မှာ ရနေတဲ့အတွက်ကြောင့် ကိုယ့်မိသားစု စားဝတ်နေရေးအတွက် ပူပင်စရာမလိုတော့ရုံတင်မက အိမ်နီးနားချင်း ပါတ်ဝန်းကျင်ကိုလည်း ရောင်းစားနိုင်လို့ စီးပွါးတက်လာပြီး အိမ်ကြီးယာကြီးလည်း ဆောက်လာနိုင်ပါတော့တယ်။
boy1.jpg
Images Credit - Original Source
သူ့တို့ရွာမှာ ကုန်စုံဆိုင်ကြီးတဆိုင်ဖွင့်ထားတဲ့ ဆိုင်သည်တယောက်ရှိတယ်။ ယင်းဆိုင်သည်ဟာ ထင်းခွေသမားနှင့် တခြားအိမ်နားပါတ်ဝန်းကျင်ကလူတွေ သူ့ဆိုင်မှာ ဆန်တွေ၊ ဆားတွေ လာမ၀ယ်ကြတော့တာကို သတိပြုမိလာပါတယ်။ နောက်ပြီး ထင်းခွေသမားကလည်း အိမ်အကြီးကြီးဆောက်တာကို သတိပြုမိလာတဲ့အခါ "ဒီလူဘာကြောင့် ဒီလိုချမ်းသာလာတာလဲ" စဉ်းစားပြီး အဖြေရှာနေပါတယ်။ နောက်ဆုံးမှာ ဆိုင်သည်က ထင်းခွေသမားမှာ ပုလင်းလေးတလုံးရှိတာကို သိသွားပြီး ယင်းပုလင်းကိုရအောင်ယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဆိုင်သည်ဟာ ကုန်ရောင်းကုန်ဝယ်ကိစ္စများနှင့် တခါတလေ တခြားတိုင်းပြည်တွေကိုလည်း ခရီးသွားလေ့ရှိပါတယ်။ တခုသောလကွယ်ညမှာ ထင်းခွေသမားဆီက ပုလင်းကို ရအောာင်ခိုးယူပြီး လှေတစီးနှင့် ပင်လယ်ပြင်မှာ အယင်သွားနေကျအတိုင်း တခြားတိုင်းပြည်တွေကို ခရီးထွက်ပါတော့တယ်။
oce 2.jpg
Images Credit - Original Source
ဆိုင်သည်ဟာ သွားယင်းလာယင်း တခြားတိုင်းပြည်တွေကိုရောက်ရင် ရောင်းဖို့စိတ်ကူးနဲ့ ပုလင်းကို ဆားတွေအများကြီးထုတ်ပေးဖို့ ပြောလိုက်ပါတယ်။ ဆိုင်သည်ပြောတဲ့အတိုင်း ပုလင်းကေလည်းဆားတွေကို ထုတ်ပေးနေပါတယ်။ အဲဒီလို ဆားတွေကို အဆက်မပြတ် ထုတ်ပေးနေယင်း အတော်ကြာတဲ့အခါ လှေထဲမှာ ဆားတွေပြည့်လာပါတော့တယ်။ ဘာလို့လဲဆိုတော့ ဆိုင်သည်ဟာ “တော်ပြီ” ဆိုတဲ့စကားကို မသင်ခဲ့ရပါ။ နောက်ဆုံးမှာ လှေဟာ ဆားအလေးကိုမခံနိုင်တော့ပဲ ပင်လယ်ထဲမှာ မြုပ်ကျသွားခဲ့ပါတော့တယ်။
ယင်းပုလင်းလည်း လှေမြုပ်တဲ့ထဲ အတူပါသွားပြီး ပင်လယ်ကြမ်းပြင်မှာ ယနေ့ထက်ထိ ဆားတွေကို ထုတ်ပေးနေပါတော့တယ်။

@kyawhlaing



0
0
0.000
27 comments
avatar

ပင်လယ်ထဲကို ဘယ်သူတွေ ဆားခတ်ခဲ့တာလဲ ကွီး။

0
0
0.000
avatar

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

0
0
0.000
avatar

ပင်လယ်ရေငံသွားတာလှေမြှပ်သွားတော့လဲငံနေတာဘဲနော်

0
0
0.000
avatar

ပုလင်းထဲကခုထိဆားတွေထွက်နေတုန်း ခ်ခ်

0
0
0.000
avatar

သြော်… ဒါကြောင့် ငံတာကိုး

0
0
0.000
avatar

အေးဆိုစ့် တေချာမှတ်ထားနော် :-P

0
0
0.000
avatar

ဖက်​လို့အရမ်း​ကောင်းတယ်​၊ ပုံပြင်​​လေး​က ​တွေးစရာ​လေး​တွေ အများကြီးပဲ၊ ဥပမာ ပစ္စည်းပဲခိုးလို့ရမယ်​ ပညာခိုးမရ​တော့ ဂွမ်းတာ​ပေါ့....

0
0
0.000
avatar

ဟုတ်ကဲ့ ဖတ်ပေးတာကျေးဇူးတင်ပါတယ်

0
0
0.000
avatar

You got a 5.09% upvote from @upme thanks to @kyawhlaing! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

0
0
0.000
avatar

အဲ့ပုလင်းသွားရှာရအောင် ပညာရှင်တွေစုကြစို့

0
0
0.000
avatar

လက်စသတ်တော့ ပင်လယ်ရေတွေငံတာ ဒါ့ကြောင့်ကိုး...

0
0
0.000
avatar

အဲဒါကြောင့်ပဲ ဟီးး

0
0
0.000
avatar

ပုံပြင်​​လေးဖတ်လို့​​ကောင်းပါတယ်​💯✔

0
0
0.000
avatar

ဖတ်ပေးတာကျေးဇူးပါ

0
0
0.000
avatar

နာက ငံပြာရည် ခတ်လို့ မတ်နာဟ😂😂

0
0
0.000
avatar

ငံပြာရည်ခတ်ရင် ရေကမဲနေမာပေါ့အေ နိကယဲ

0
0
0.000
avatar

ကျေးဇူးတင်တယ်ဖိုးဖိုး

0
0
0.000
avatar

အယ် ဆရာကြွချီလာတယ်
ကျေးဇူးပါဆရာ

0
0
0.000
avatar

အခုချိန်ထိဆားတွေထွက်နေတုန်းနေမှာပေါ့

0
0
0.000
avatar

အာ့ကြောင့်ငံနေတာဘာဆိုစ့် ခ်ခ်

0
0
0.000
avatar

Chit Chit ခေါ် kyawhlaing က Group ပြောင်းသွားတာလား။ G1ထဲမှာမမြင်တော့လို့

0
0
0.000